အမျိုးအစား  |  odb

စကားမပြောနိုင်သောသူ

Belize မြို့ရှိ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဂေဟာ၌ သက်ကြွယ်တစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ပြီး အမေရိကန်နိုင်ငံမှ အထက်တန်းကျောင်းသား ဆယ်ကျော်သက်လေးများ၏ သခင်ယေရှုအကြောင်း သီချင်းဆိုနေသည်ကို ရွှင်လန်း ဝမ်းမြောက်စွာ နားထောင်နေသည်။ နောက်ပိုင်းတွင် ဆယ်ကျော်သက် လူငယ်လေး အချို့က သူနှင့် စကားပြောရန်ကြိုးစားရာ သူစကားမပြောနိုင်ကြောင်း သိရှိခဲ့ရသည်။ လေဖြတ်ထားခြင်းကြောင့် စကားမပြောနိုင်ခြင်းဖြစ်သည်။

သူနှင့်စကားဆက်ပြောရန် မဖြစ်နိုင်သည့်အတွက် ဆယ်ကျော်သက်လေးများက သူ့ကိုသီချင်းဆိုပြရန် ဆုံးဖြတ်ကြသည်။ လူငယ်လေးများ သီချင်းစဆိုသည်နှင့် အံ့သြဖွယ်ရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ စကားမပြောနိုင်သူက စပြီးသီချင်းဆိုလာ သည်။ စိတ်အားထက်သန်မှုဖြင့် "ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ"ဟု သူ့မိတ်ဆွေ လေးများနှင့်အတူ ကျယ်လောင်စွာအားရပါးရသီဆိုလေသည်။

လူတိုင်းအတွက် မှတ်သားလောက်ဖွယ် အခိုက်အတန့်အချိန်လေးပင်ဖြစ်သည်။ ဤသူ၏ ဘုရားသခင်အပေါ်ချစ်ခြင်းက အတားအဆီးများကိုချိုးဖျက်ပြီး စိတ်နှလုံး အကြွင်းမဲ့၊ ဝမ်းမြောက်စွာကိုးကွယ်ခြင်းတည်းဟူသော နှုတ်ဖြင့်ဝတ်ပြုကိုးကွယ်ခြင်းကို သွန်းလောင်းခဲ့သည်။

ကျွန်ုပ်တို့အသီးသီး၌ ဝတ်ပြုကိုးကွယ်ခြင်းကို တားဆီးသည့်အရာများ မကြာခဏ ရှိတတ်ပါသည်။ ပေါင်းသင်းဆက်ဆံရေး၌ပဋိပက္ခဖြစ်ခြင်း၊ ငွေကြေး ပြဿနာ…

ကြားဝင် ဆုတောင်းပေးခြင်း

လွန်ခဲ့သည့်စနေနေ့ နေ့လည်နှောင်းပိုင်းအချိန်က ကျွန်မတို့မိသားစု နေ့လည်စာ စားရန် ရပ်ကွက်ထဲရှိ စားသောက်ဆိုင်သို့သွားခဲ့သည်။ စားပွဲထိုးက အာလူးကြော်များ၊ ဟမ်ဘာဂါများကို ကျွန်မတို့စားပွဲပေါ်ချပေးစဉ် ကျွန်မခင်ပွန်းက သူ့ကို မော့ကြည့်ပြီး နာမည်မေးလိုက်သည်။ ထို့နောက် “တို့တွေအစာမစားခင် မိသားစုလိုက် ဆုတောင်း ကြတယ်။ ဒီနေ့မင်းအတွက် တစ်ခုခုဆုတောင်းပေးဖို့ရှိလား”ဟု မေးသည်။ အယ်လင် အမည်ရှိ စားပွဲထိုးသည် အံ့သြမှုနှင့် သောကစိတ်တို့ရောယှက်လျက် ကျွန်ုပ်တို့ကို ပြန်ကြည့်သည်။ ခေတ္တမျှတိတ်ဆိတ်သွားပြီးမှ သူသည် သူ့မိတ်ဆွေ၏ဆိုဖာခုံတန်းပေါ်၌ ညတိုင်းအိပ်ရကြောင်း၊ သူ့ကားလည်းပျက်နေပြီး ငွေကြေး အကြပ်အတည်း ဆိုက်နေ‌ကြောင်း သူ့အခြေအနေကို ပြောပြသည်။

အယ်လင်အတွက် ဘုရား၏ပြင်ဆင်ပေးသနားမှု၊ ဘုရား၏မေတ္တာတော်ကို သူ့အားပြသပေးရန် ကျွန်မခင်ပွန်းက တိုးညင်းစွာဆုတောင်းနေစဉ် ကျွန်မတို့၏ ကြားဝင်ဆုတောင်းပေးခြင်းက သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အကြောင်းအရာကို ယူဆောင်သွားပြီး ဘုရားနှင့်ကျွန်ုပ်တို့ကို ဆက်သွယ်ပေးသည်နှင့် တူကြောင်း တွေးမိသည်။ “ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့် အညီ…

မဖြစ်နိုင်သော ခွင့်လွှတ်ခြင်း

အမျိုးသမီး ၅၀၀၀၀ ခန့်ကို နာဇီတို့ မျိုးဖြုတ်သတ်ဖြတ်ခဲ့သည့် Ravensbruck အကျဉ်းစခန်း၏ အပျက်အစီးများကြားတွင် အောက်ပါကြေမွနေသောဆုတောင်းချက်ကို ကယ်ဆယ်ရေးလုပ်သားများက ရှာတွေ့ခဲ့သည်။ "အိုသခင်ဘုရား၊ စိတ်ထားကောင်း သော အမျိုးသားအမျိုးသမီးများသာမက ဆိုးသွမ်းသူများကိုလည်း အောက်မေ့တော်မူ ပါ။ သို့သော် ကျွန်ုပ်တို့ကိုသူတို့ဒုက္ခပေးခဲ့သည့် နာကျင်မှုဝေဒနာများကို အောက်မေ့တော် မမူပါနှင့်။ ဤညှဥ်းဆဲခြင်းဒုက္ခထဲမှ ကြီးထွားလာသော ကျွန်ုပ်တို့၏ ရဲဘော်ရဲဘက်စိတ်၊ သစ္စာစောင့်သိခြင်း၊ နှိမ့်ချခြင်း၊ သတ္တိ၊ ရက်ရောခြင်း၊ နှလုံးသား၏ကြီးမြတ်ခြင်းစသော ကျေးဇူးတော်ချီးမွမ်းခြင်းအသီးများကို အောက်မေ့မူပါ။ တရားစီရင်ချိန်တွင် ကျွန်ုပ်တို့မှ ထွက်ပေါ်သော အသီးအပွင့်သည် သူတို့၏ခွင့်လွှတ်ခြင်းအတွက် ဖြစ်ပါစေသား။"

ဤဆုတောင်းကိုရေးခဲ့သည့် အကြမ်းဖက်ခံရသည့်အမျိုးသမီးအတွက် သူ့ကို စိတ်ဒုက္ခပေးသည့် ကြောက်ရွံ့မှုနှင့်နာကျင်မှုကို ကျွန်ုပ်မတွေးရဲပါ။ နားလည်ရခက် သော မည်သည့်ကျေးဇူးတော်မျိုး သူရခဲ့သည်ကို ကျွန်ုပ်မတွေးတတ်တော့ပါ။ သူ့ကို ဖိနှိပ်ချုပ်ချယ်သူများအတွက် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို သူရှာဖွေခဲ့သည်။ မထင်ထားသည့်အမှုကို သူလုပ်ဆောင်ခဲ့သည်။

ဤဆုတောင်းက ခရစ်တော်၏ဆုတောင်းကို ပဲ့တင်ထပ်နေသည်။…

ခရီးစဉ်အတွက် ခွန်အား

နွေဥတုတစ်ခုတွင် မဖြစ်နိုင်ဟုထင်ရသည့်အလုပ်နှင့် ကျွန်မကြုံခဲ့ရသည်။ ကြိုးစားပမ်းစား စာရေးပေးရမည့်အလုပ်ကြီးဖြစ်ပြီး ပေးရမည့်နောက်ဆုံး‌ရက်ကလည်း နီးကပ်လွန်းသည်။ ကိုယ့်ဘာသာကိုယ် တစ်ရက်ပြီးတစ်ရက် အချိန်ကုန်ကာ ရေးရမည့်စာလုံးများ ရလာရန် ကြိုးစားအားထုတ်ရင်း ကျွန်မမောလာသည်။ စိတ်ဓာတ်ကျလာပြီး လက်လျော့ချင်လာ သည်။ အမြော်အမြင်ရှိလှသည့် မိတ်ဆွေတစ်ဦးက “မင်းနောက်ဆုံးအကြိမ် အားသစ် အင်သစ်နဲ့ လန်းဆန်းနေခဲ့တာ ဘယ်‌လောက်ကြာသွားပြီလဲ။ မင်းကိုယ်မင်း အနားပေးပြီး အရသာရှိတဲ့ အစာစားဖို့ လိုကောင်းလိုနေပြီထင်တယ်” ဟု ပြောခဲ့သည်။

သူ့စကားမှန်ကန်ကြောင်း ချက်ခြင်းပင် ကျွန်မသိလိုက်သည်။ သူ့အကြံကြောင့် ကျွန်မ စာရေးရမည့်ကိစ္စနှင့်မဆိုင်သော်လည်း ယေဇဗေလ၏ခြိမ်းခြောက်မှုကို ကြားခဲ့ ရသည့်ဧလိယအကြောင်းကို ကျွန်မပြန်တွေးမိသည်(၃ ရာ ၁၉:၂)။ ကရမေလတောင်တွင် ပရောဖက်အတုအယောင်များကို ဧလိယအောင်နိုင်ပြီးနောက် ယေဇဗေလက သူ့ကို ဖမ်းဆီးသတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် ဧလိယမှာ စိတ်ပျက် အားလျော့ကာ သေရန်ပင် တောင့်တမိသည်။ သို့သော် သူသည် ကောင်းကောင်းအိပ်စက်ပြီး ကောင်းကင်တမန် ကလည်း…

နေကြတ်ခြင်း

မျက်လုံးအတွက် အကာအကွယ်၊ မြင်ကွင်းကောင်းသည့်နေရာ၊ အိမ်လုပ်လမုန့် အချိုတည်းစရာတို့ဖြင့် ကျွန်မအသင့်ရှိနေပါသည်။ အမေရိကန်ရှိ သန်းနှင့်ချီသော လူများနှင့်အတူ ကျွန်မ၏မိသားစုလည်း ဖြစ်လေ့မရှိသည့် လက နေဝန်းကို လုံးဝဖုံးကွယ်သွားသည့် နေကြတ်ခြင်းကို စောင့်ကြည့်ကြသည်။

နေကြတ်ခြင်းကြောင့် သာမန်နွေရာသီနေ့လည်ခင်း၏တောက်ပသောအလင်းကို ပုံမှန်မဟုတ်သည့်အမှောင်ထုက ဖုံးအုပ်သွားသည်။ ဤနေကြတ်ခြင်းက ကျွန်မတို့ အတွက် အပျော်သက်သက်ဖြစ်ပြီး ဖန်ဆင်းခြင်းအရာများအပေါ် ဘုရားရှင်၏ မယုံကြည်နိုင်လောက်အောင် ကြီးမားသည့်တန်ခိုးတော်ကို အမှတ်ရစေသည် (ဆာ ၁၃၅:၆-၇)။ သို့သော် သမိုင်းတစ်လျှောက်တွင် နေ့အချိန်၌ အမှောင်ထု ကျရောက်ခြင်းကို မူမမှန်သော၊ စိတ်ထင့်စရာကိစ္စအဖြစ်ယူဆကြပြီး (ထွ ၁၀:၂၁၊ မ ၂၇:၄၅)၊ အရာခပ်သိမ်းက သူ့နေရာနှင့်သူ ရှိမနေသည့်လက္ခဏာဖြစ်သည်။

ရှေးခေတ် ဣသရေလပြည် နှစ်ပိုင်းကွဲသည့်ကာလတွင် ပရောဖက်အာမုတ် အတွက် အမှောင်ထုသည် မူမမှန်သည့်နိမိတ်ကိုပြသည့်အရာပင်ဖြစ်သည်။ ဘုရား သခင်၏အထံတော်မှ ဆက်ပြီးစွန့်ခွာသွားပါက ပျက်စီးခြင်းရောက်ရှိလာမည့် ဖြစ်ကြောင်း အာမုတ်က မြောက်ပိုင်းနိုင်ငံကို သတိပေးသည်။…

မြင်တော်မူသောသူ

မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် “အမလေး ကုန်ပါပြီ” ဟု ကျွန်တော့်ဇနီး၏အော်သံ ထွက်ပေါ်လာသည်။ ထိုသို့အော်လိုက်ချိန်တွင် ကျွန်တော်တို့၏ ပေါင် ၉၀ ရှိသည့် လာဘရာဒေါခွေးကြီးမက်က မီးဖိုခန်းမှ ရုတ်တရက်ကဆုန်ဆိုင်းပြေးထွက်လာသည်။

စားပွဲအစွန်းဘေးတွင် တင်ထားသည့် သိုးပေါင်မရှိတော့ပါ။ မက် စားလိုက်သဖြင့် အိုးပြားအလွတ်သာကျန်တော့သည်။ ခုတင်အောက်၌ဝင်ပုန်းရန် သူကြိုးစားသည်။ သို့သော် သူ့ခေါင်းနှင့်ပခုံးသာဆံ့သည်။ ကျွန်တော် သူ့ကိုရှာတွေ့သည့်အချိန်တွင် သူ့တင်ပါးနှင့်အမြီးတို့က သူရှိနေသည့်နေရာကို ပြသနေသည်။

“အို မက်၊ မင်းအပြစ်က မင်းကိုလိုက်လို့မီတာပဲ” ဟု ရေရွတ်မိသည်။ ဘုရား သခင်အားနာခံရန်နှင့် ပေးထားသည့်ကတိများတည်ရန် ဣသရေလအမျိုးအနွယ် နှစ်မျိုးကို မောရှေသွန်သင်ဆုံးမသည့်စကားကိုကျွန်တော်ငှားသုံးခြင်းဖြစ်သည်။ မောရှေက “ထိုသို့မပြုလျှင်မူကား သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည် အတိုင်း၊ ထိုအပြစ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်”ဟုဆုံးမသည် (တော ၃၂:၂၃)။

အပြစ်လုပ်ပြီးနောက် အချိန်ခေတ္တမျှ အဆင်ပြေမည်ဖြစ်သော်လည်း ဘုရားနှင့် ကွင်းကွာရသည့် အဆုံးစွန်နာကျင်မှုကို ဖြစ်စေပါသည်။ ဘုရားသခင် မသိမမြင်သည့်…

လူမှုအစုအဖွဲ့၏အမှတ်ရစရာ

ဓမ္မပညာရှင် ရစ်ချက် မော ရေးသော Restless Faith စာအုပ်၌ အတိတ်မှ သင်ခန်းစာများကို မှတ်မိရန် အရေးကြီးပုံကို ပြောထားသည်။ သူက “ကောင်းမွန် ကြံ့ခိုင်သောနိုင်ငံများသည် လူမှုအစုအဖွဲ့၏အမှတ်ရစရာများရှိသောနိုင်ငံများ ဖြစ်သည်” ဟူသော လူမှုဗေဒပညာရှင် ရောဘတ်ဘဲလာ၏အဆိုကို သူကိုးကားထားသည်။ ဘဲလာက ထိုအခြေခံသဘောတရား ကို မိသားစုကဲ့သို့သော လူမှုအဖွဲ့အစည်း၏နှောင်ဖွဲ့မှုအထိ ဆက်နွယ်ပါဝင်စေခဲ့သည်။

လူမှုအစုအဖွဲ့၏အမှတ်ရစရာများ၏တန်ဖိုးကို သမ္မာကျမ်းစာကလည်း သွန်သင် ထားပါသည်။ အဲဂုတ္တုပြည်၌ ကျွန်ဘဝမှကယ်နုတ်ရန် ဘုရားသခင်ပြုခဲ့သည့်အမှုကို အောက်မေ့သတိရစေရန် ဣသရေလလူတို့အား ပဿခါပွဲကိုပေးထားသည် (ထွက် ၁၂:၁-၃၀)။ ယနေ့ထိတိုင် ကမ္ဘာအနှံ့မှ ဂျူးလူမျိုးများသည် နွေဦးအချိန်ရောက်တိုင်း လူမှု အစုအဖွဲ့၏ အမှတ်ရစရာနှင့် ပြည့်သည့်အရပ်သို့ ပြန်လည် လာရောက်လည်ပတ်ကြသည်။

ပဿခါပွဲသည် ကားတိုင်ထက်၌ ကယ်တင်ရှင်မေရှိယ ပြုပေးခဲ့သည့်အမှုကို အစဥ်အမြဲညွှန်ပြနေခြင်းကြောင့် ခရစ်တော်၏နောက်တော်လိုက်များအတွက်လည်း ပဿခါပွဲသည် ကြီးမြတ်သောအဓိပ္ပာယ်ဆောင်ပါသည်။ ပဿခါပွဲကာလအတွင်း ကားတင်မခံရမီညတွင် ရှင်ယေရှုက…

သစ်ကိုင်းများပေါ် တည်မှီရှင်သန်ခြင်း

စိတ်ဖိစီးမှုနှင့်ပြည့်သည့်သီတင်းပတ်ကိုကြုံရပြီးနောက် ကျွန်မ၏ နိမ့်လိုက်မြင့်လိုက် စိတ်ခံစားမှုများကို ကျွန်မ၏အကြံပေးမိတ်ဆွေအားပြောပြရာ သူက သေချာစွာ နားထောင်ပြီး ကျွန်မကို အပြင်ရှိ ဆောင်းဦးရာသီ၏ လိမ္မော်ရောင်ရွှေရောင်လွှမ်းသော သစ်ပင်များ၊ လေတိုက်၍ယိမ်းထိုးနေသောသစ်ကိုင်းများကို ကြည့်ခိုင်းသည်။

လေနှင့်အတူ ပင်စည်များလှုပ်ရှားမှုမရှိကြောင်း သူက ညွှန်ပြရင်း “ငါတို့လည်း အဲဒါမျိုးဖြစ်နေတယ်။ ဘဝမှာ ဘက်ပေါင်းစုံကနေ ငါတို့ကိုတိုက်ခိုက်လာတဲ့အခါ ငါတို့ရဲ့ စိတ်ခံစားမှုကလည်း တက်လိုက်ကျလိုက်၊ ချာချာလည်နေတာလည်း အမှန်ပဲ။ ဒါပေမယ့် တစ်ခါတစ်ရံ ငါတို့မှာ သစ်ကိုင်းချည်းပဲ ရှိနေသလိုမျိုး ရှင်သန်ကြတယ်။ အခု ငါတို့ရဲ့ပန်းတိုင်က မင်းရဲ့ပင်စည်ကို မင်းရှာတွေ့အောင်ကူညီဖို့ဖြစ်တယ်။ မင်းရဲ့ပင်စည်ကို တွေ့တဲ့အခါ အဘက်ဘက်က ကိုယ့်ကိုဆွဲချတဲ့အချိန်မှာ အကိုင်းတွေပေါ် မင်းရှင်သန် တော့မှာ မဟုတ်တော့ဘူး။ မင်းဟာ လုံခြုံတည်ငြိမ်စွာရှိနေမှာ” ဟု ရှင်းပြ၏။

ထိုပုံရိပ်က ကျွန်မ၏စိတ်ထဲစွဲထင်ခဲ့ပြီး ၎င်းသည် ဧဖက်မြို့ရှိ ယုံကြည်သူအသစ်များကို ရှင်ပေါလုပေးသည့် ပုံရိပ်နှင့်ဆင်တူပါသည်။ ကြီးမြတ်လှသည့်ရည်ရွယ်ချက်နှင့်တန်ဖိုးရှိ သည့်…

ဧကန်အမှန် လွတ်မြောက်ကြပြီ

“Amistad” ရုပ်ရှင်သည် ၁၈၃၉ ခုနှစ်တွင် အာဖရိကတိုက်မှကျွန်များကို သင်္ဘောနှင့် သယ်ဆောင်လာပြီး လမ်းခုလပ်တွင် သင်္ဘောကပ္ပတိန်နှင့်သင်္ဘောသားအချို့ကို သတ်ဖြတ် သည့်အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ နောက်ဆုံးတွင် ထိုကျွန်များကို ဖမ်းမိပြီး ချုပ်နှောင်ကာ တရားစီရင်ကြသည်။ ကျွန်များ၏ ခေါင်းဆောင် Cinque' က ကျွန်များလွတ်မြောက်ရေးအတွက်တရားရုံးတော်တွင် အသနားခံတောင်းဆိုသည့် မြင်ကွင်း က မမေ့ပျောက်နိုင်စရာပါ။ သံကြိုးများဖြင့် ချည်နှောင်ခံရသူသည် အင်္ဂလိပ်စကား မပြီကလာဖြင့် “ကျွန်ုပ်တို့ကို လွတ်လပ်ခွင့်ပေးပါ” ဟုတစ်ကြိမ်ထက်တစ်ကြိမ် အသံမြှင့်၍ ကျယ်လောင်စွာအော်ဟစ်သည်။ နောက်ဆုံးတွင် တရားရုံးတော်ကြီး ငြိမ်သက်သွားသည်။ တရားမျှတမှုအောင်နိုင်လျက် သူတို့အား လွတ်ပေးလိုက်တော့သည်။

မျက်မှောက်ခေတ်လူသားများအတွက် ရုပ်ပိုင်းချုပ်နှောင်ခံရသည့်အန္တရာယ် မရှိ တော့သော်လည်း အပြစ်၏ချည်နှောင်မှုကြောင့် ဝိညာဉ်ရေးလွတ်လပ်မှုကား ရှာလေ ဝေးနေဆဲပါ။ ယောဟန် ၈:၃၆ မှ သခင်ယေရှု၏စကားများက ကျွန်ုပ်တို့ကို သက်သာစေ ပါသည်။ “ထို့ကြောင့် သားသည် သင်တို့ကိုလွှတ်လျှင် သင်တို့သည်…

သင့်အနီးအပါး၌ရှိသည်

နေ့စဉ် ယေရုရှလင်မြို့စာတိုက်၌ ဖြန့်ဝေ၍မရသောစာများစွာကို စာလက်ခံမည့်သူဆီရောက် အောင် ပေးပို့နိုင်ရန် ဝန်ထမ်းများက စာရွေးကြသော်လည်း ထိုစာများစွာသည် “ဘုရားသခင် ထံ ပေးပို့သောစာ” ဟု ရေးမှတ်ထားသည့် သေတ္တာ၌သာ ရောက်သွားကြသည်။

ထောင်နှင့်ချီသောထိုစာများသည် ယေရုရှလင်သို့ နှစ်စဉ်ရောက်ရှိလာသည်။ ဘုရား သခင် (သို့) သခင်ယေရှုဟု ရိုးရှင်းစွာလိပ်မူထားကြသည်။ မည်သို့လုပ်ရမှန်းမသိသဖြင့် ဝန်ထမ်းတစ်ဦးက ထိုစာများကို ယေရုရှလင် အနောက်ဘက်နံရံ၌ အခြားဆုတောင်းချက်စာရွက်များနှင့်အတူအုတ်နံရံကြားထဲသို့ ထိုးသွင်းညှပ်လိုက်သည်။ စာအများစုသည် အလုပ်၊ အိမ်ထောင်ဖက်၊ ကျန်းမာရေးအတွက် တောင်းဆိုထားခြင်းဖြစ်သည်။ အချို့က ခွင့်လွှတ်မှု တောင်းခံသည်။ အချို့က ကျေးဇူးတင်ကြောင်းဖော်ပြထားသည်။ တစ်ယောက်သောသူက ကွယ်လွန်သူဇနီးကို သတိရသဖြင့် အိမ်မက်ထဲတွင် ပြန်တွေ့လိုကြောင်း ရေးထားသည်။ ဤစာကို ဘုရားသခင် လက်ခံရရှိခဲ့သော် သူတို့ကို အဖြေပေးမည်ဟု ယုံကြည်ကြသည်။

ဣသရေလလူမျိုးတို့သည် တောထဲလှည့်လည်ခဲ့ရစဉ် သင်ခန်းစာများစွာကို လေ့လာ သင်ယူခဲ့ကြရသည်။ သင်ခန်းစာတစ်ခုမှာ သူတို့၏ဘုရားသခင်သည်…