ယုံကြည်ခြင်း၏နည်းလမ်း
ထြီနီဒတ်နှင့်တိုဘာဂိုအသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ရသည့် ၂၀၁၇ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဆိုကာစစ်သည်များက သူတို့ထက် အဆင့်အများကြီးမြင့်သည့် အမေရိကန်ဘောလုံးအသင်းကို နိုင်ခဲ့၍ တစ်ကမ္ဘာလုံးအံ့သြသွားရသည်။ အမေရိကန်အသင်းသည် ၂ ဂိုး-၁ ဂိုးဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု၏လူဦးရေနှင့် အရင်းအမြစ်များနှင့် နှိုင်းစာလျှင် ကာရေဘီယံနိုင်ငံလေးက သိမ်ငယ်စရာဖြစ်သော်လည်း ထြီနီဒတ်နှင့် တိုဘာဂို ကျွန်းနိုင်ငံ၏အောင်မြင်မှုက လုံးဝမထင်မှတ် မမျှော်လင့်သောအရာဖြစ်သည်။ သို့သော် အဆိုပါ မကျော်လွှားနိုင်ဟုထင်ရသောအားသာချက်က ဆိုကာစစ်သည် များ၏ စိတ်ဇောအဟုန်ကို အနိုင်မယူနိုင်ခဲ့ပါ။
တိုက်ခိုက်ရေးသမားအနည်းစုနှင့် အင်အားကြီးစစ်တပ်ကို ရင်ဆိုင်ရသည့် ဂိဒေါင်နှင့် မိဒျန်လူများအကြောင်းသည်လည်း အလားတူ ပြောင်းပြန်အနေအထား မျိုးဖြစ်သည်။ အမှန်တွင် ဣသရေလတပ်၌ စစ်သည် ၃၀,၀၀၀ ကျော်ရှိသော်လည်း သူတို့၏အောင်မြင်မှုသည် သူတို့၏စစ်တပ်အင်အား၊ ဘဏ္ဍာတိုက်ရှိ ငွေကြေး ပမာဏ၊ သူတို့ခေါင်းဆောင်၏ စွမ်းရည်တို့ကြောင့် မဟုတ်ဘဲ ဘုရားသခင်အပေါ် အမှီပြုခြင်းကြောင့်ရရှိခြင်းဖြစ်ကြောင်း သင်ယူကြရန်အတွက် ဘုရားသခင်က…
ရှင်ယေရှု၏ထိုင်ခုံ
ကျွန်ုပ်၏မိတ်ဆွေ မာဂီသည် ကျမ်းစာသင်တန်းတစ်ခုတွင် တာမီ နှင့် သိကျွမ်းခဲ့ပြီး သူတို့နှစ်ဦး၏ အခြေခံတူညီမှု ကွာဟလွန်းကြောင်းကို သတိထားမိခဲ့သည်။ သို့သော် မာဂီသည် သူနှင့်မိတ်ဖွဲ့ပြီး မိတ်ဆွေသစ်ထံမှ အဖိုးတန်သင်ခန်းစာတစ်ခု သင်ယူရရှိခဲ့သည်။
တာမီသည် ကျမ်းစာသင်တန်းကို တစ်ခါမှမတက်ဖူးပါ။ သင်တန်းမှ အခြား အမျိုးသမီးများ ဆွေးနွေးနေသည့် ဘုရားသခင်သည် သူတို့နှင့်ဆက်သွယ်ကြောင်း အချက်ကို သူတစ်ခါမှ မကြုံဖူးသည့်အတွက် နားမလည်ဘဲ အခက်ကြုံခဲ့သည်။
ထို့ကြောင့် ဘုရားသခင်ထံမှစကားကြားရရန် သူလက်တွေ့ လုပ်ဆောင်ခဲ့ သည်။ "ကျွန်မလေ သစ်သားထိုင်ခုံအဟောင်းတစ်လုံးကို သီးသန့်ထားပြီး ကျွန်မ ကျမ်းစာလေ့လာတဲ့အခါတိုင်း သခင်ယေရှုကို အဲဒီမှာလာထိုင်ဖို့ ဖိတ်ခေါ်တယ်"ဟု နောက်ပိုင်းတွင် သူက မာဂီအား ပြောပြခဲ့သည်။ ထို့နောက် တာမီသည် သူမကို ထိတွေ့သည့်ကျမ်းပိုဒ်ကို ဖတ်ရတိုင်း ထိုင်ခုံပေါ်တွင် မြေဖြူနှင့် ထိုကျမ်းပိုဒ်ကို ရေးချသည်။ ထိုထိုင်ခုံမှာ ထူးခြားသော "ယေရှု၏ထိုင်ခုံ" ဖြစ်လာပြီး…
ကျွန်ုပ်တို့အဘဘုရား၏ စောင့်ရှောက်မှု
အရှိန်ပြင်းပြင်းရိုက်သံကြောင့် ကျွန်မမော့ကြည့်လိုက်ပြီး အသံလာရာသို့ နားစွင့် လိုက်မိသည်။ ပြတင်းပေါက်မှန်မှ စွန်းထင်းရာများကို တွေ့လိုက်ရသောကြောင့် အပြင်ဘောင်သို့ လှမ်းကြည့်လိုက်သောအခါ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသည့် ငှက်တစ်ကောင်ကိုတွေ့လိုက်ရသည်။ ထိုငှက်လေးကို ကူညီချင်စိတ်ဖြစ်သွားသည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၀ တွင် တပည့်တော်များအား ၎င်းတို့တွေ့ကြုံ ရမည့် ညှဉ်းဆဲမှုများကို သတိပေးရင်း သူတို့ကိုနှစ်သိမ့်ပေးရန် ဘုရားသခင်သည် စာငှက်များကိုပင် စောင့်ရှောက်တော်မူကြောင်း သခင်ယေရှု မိန့်ကြားခဲ့သည်။ သခင်သည် တပည့်တော်များအား "ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာ လည်းကောင်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာလည်းကောင်း အခွင့် ပေးတော်မူ"ခဲ့သည်(:၁)။ ထိုအမှုများကို ပြုနိုင်သောတန်ခိုးသည် တပည့်တော်များ အတွက် အံ့မခန်းဖြစ်သော်လည်း အုပ်ချုပ်မင်းလုပ်သူများ၊ အာဏာရှင်များ၊ သူတို့ မိသားစုဝင်များမှအစ များစွာသောလူတို့သည် သူတို့ကို ဆန့်ကျင်ဘက်ပြုမည်၊ ဆိုးညစ်မှုကျော့ကွင်း၌ သူတို့ဖမ်းဆီးခြင်းခံရမည်ဖြစ်သည် (:၁၆-၂၈)။
ထို့နောက် အခန်းငယ် ၂၉ မှ ၃၁ တွင် မည်သို့ပင်ကြုံတွေ့ရင်ဆိုင်ရလည်း…
ဘုရားသခင်၏တန်ခိုးတော်
ရေဗက္ကာနှင့်ရာစယ်တို့၏ဆရာဝန်များက သူတို့ကလေးမရနိုင်ကြောင်း ပြောခဲ့ သည်။ သို့သော် ဘုရားသခင်၌ အခြားအကြံအစည်ရှိနေကာ ၁၀ နှစ်အကြာတွင် ရေဗက္ကာသည် ကိုယ်ဝန်ဆောင်ခဲ့သည်။ ကျန်းမာသန်စွမ်းသောကလေးကို လွယ်ထားရပြီး ဗိုက်စနာလာသောအခါ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဆေးရုံသို့ အပြေးသွားခဲ့ကြသည်။ မီးတွင်းထဲတွင် အချိန်ကြာလာပြီး ပိုမိုနာကျင်လာ သော်လည်း ရေဗက္ကာ၏ဗိုက်အနေအထားမှာ မီးဖွားရန် အသင့် ဖြစ်မနေသေးပါ။ နောက်ဆုံး ဆရာဝန်က အရေးပေါ်ဗိုက်ခွဲမွေးရန် ဆုံးဖြတ်လိုက်သည်။ ရေဗက္ကာ သည် သူမနှင့်ကလေးအတွက် စိုးရိမ် ကြောက်လန့်သဖြင့် ငိုမိသည်။ ဆရာဝန်က "ကျွန်မအစွမ်းကုန်ကြိုးစားမယ်။ ဒါပေမဲ့ ဘုရားရှင်က သာ၍တတ်စွမ်းနိုင်လို့ သူ့ဆီမှာ ဆုတောင်းရအောင်" ဟု တည်ငြိမ်စွာဖြင့် သူမစိတ်သက်သာမှုရရှိရန် ပြောလိုက်သည်။ ဆရာဝန်သည် ရေဗက္ကာနှင့်အတူ ဆုတောင်းလိုက်ပြီး ၁၅ မိနစ် အကြာ ကျန်းမာသန်စွမ်းသော သားလေးဘရုစ် ကို မွေးဖွားခဲ့ပါသည်။
ဘုရားသခင်နှင့်သူ့တန်ခိုးတော်အပေါ်၌ ခိုလှုံအမှီပြုရမည်ကို ထိုဆရာဝန်…
ဘုရားသခင်၏နိုင်ငံတော်
ကျွန်တော့်အမေသည် သူ့ဘဝသက်တမ်းတစ်လျှောက်တွင် ကတိကဝတ်များစွာ ပြုခဲ့ပါသည်။ သို့သော် သူ့စိတ်တွင် အမြဲရှိနေသောအရာတစ်ခုမှာ ကလေးများကို သခင်ယေရှုနှင့်မိတ်ဆက်ပေးလိုသောဆန္ဒလေးပင်ဖြစ်သည်။ သူသဘောမတူ သောကိစ္စကို အမေ လူသိရှင်ကြားထုတ်ဖော်သော အဖြစ်အပျက်တချို့ကို ကျွန်တော်ကိုယ်တွေ့ ကြုံခဲ့ဖူးသည်။ ထိုအဖြစ်အပျက် အားလုံးသည် သူတို့အထင် ပို၍အရေးကြီးသောအသုံးစရိတ်အတွက် ကလေးသာသနာမှ ရန်ပုံငွေကို ဖြတ်တောက်ရန် တစ်စုံတစ်ဉီးက ကြိုးစားချိန်များတွင် ဖြစ်သည်။ အမေက "သားညီလေးကို အမေကိုယ်ဝန်ဆောင်တဲ့ နွေရာသီမှာပဲ ခွင့်ယူဖူးတယ်။ အဲဒီ တစ်ကြိမ်ပဲ နားခဲ့တာ" ဟုကျွန်တော့်ကိုပြောပြသည်။ ကျွန်တော်ပြန်တွက်ကြည့် လိုက်သောအခါ အမေသည် အသင်းတော်ရှိ ကလေးများအတွက် (၅၅)နှစ်မျှ အလုပ်လုပ်ခဲ့သည်ပင်။
ခရစ်ဝင်ကျမ်းများတွင် "ရှင်ယေရှုနှင့် ကလေးသူငယ်များ" ဟု ခေါင်းစဥ် တပ်သည့် ချစ်နှစ်သက်ဖွယ်ဇာတ်လမ်းကို ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ တွင် မှတ်တမ်းတင်ထားသည်။ လူအများက သူတို့ကလေးများကို သခင်ယေရှုထိတွေ့ပြီး ကောင်းချီးပေးရန် ကိုယ်တော်ထံ ခေါ်ဆောင်လာကြသည်။…
သင့်နာမည်ကို ဘုရားရှင်သိသည်
နှစ်ရှည်လများတက်ရောက်ခဲ့သည့် ဘုရားရှိခိုကျောင်းနှင့် ခွဲခွာခဲ့ပြီးနောက် ၃ နှစ် အကြာတွင် ကျွန်မတို့ဇနီးမောင်နှံသည် မိတ်သဟာယအဖွဲ့နှင့် ပြန်လည် ဆုံဆည်း ခဲ့သည်။ "ကျွန်မတို့ကို လူတွေဘယ်လိုပုံနဲ့ ဆက်ဆံကြမလဲ။ ကျွန်မတို့ကို ပျူပျူငှာငှာ ကြိုဆိုကြပါမည်လား။ ချစ်ကြပါ့မလား။ ထွက်ခွာသွားတဲ့အတွက် ကျွန်မတို့ကို ခွင့်လွှတ်ပါ့မလား။" ထိုမေးခွန်းများ၏အဖြေကို နေသာသော တနင်္ဂနွေမနက်ခင်း တွင် ရရှိခဲ့သည်။ ဘုရားကျောင်း၏တံခါးမကြီးမှ ဖြတ်လျှောက်ဝင်လာစဥ် "Pat! Dan! တွေ့ရတာ အရမ်းဝမ်းသာတာပဲ" ဟု ကျွန်မတို့ နာမည်ကိုခေါ်ပြီး နှုတ်ခွန်း ဆက်ခြင်းကို ဆက်တိုက်ကြားနေရသည်။ ကလေးစာပေရေးသူ Kate DiCamillo ၏ နာမည်ကျော်စာအုပ်တစ်အုပ်တွင် ရေးသားထားသကဲ့သို့ "စာဖတ်သူတို့၊ ဝမ်းနည်းဖွယ်ကောင်းသည့်ကမ္ဘာတွင် သင်ချစ်ခင်ရသူတစ်ဦးက သင့်နာမည်ကို ခေါ်လိုက်သည့်အသံထက် ချိုမြိန်သောအရာ အခြားမရှိပါ။"
ထိုအချက်က ဣသရေလလူမျိုးများအတွက် မှန်ကန်ပါသည်။ ကျွန်မတို့က အခြေအနေအရ အသင်းတော်တစ်ခုပြီးတစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း သူတို့ကတော့ ဘုရားကို…
မမြင်ရသော အံ့သြဖွယ်
သူမဘဝ၏နောက်ဆုံးနေဝင်ချိန်တွင် Mrs. Goodrich (ဒေါ်ဂွတ်ရစ်ချ်)၏ အတွေး ၌ စိန်ခေါ်မှုနှင့် ကျေးဇူးတော်များပြည့်နှက်သော ဘဝ၏အမှတ်ရစရာနှင့်အတူ မပီပြင် ဝိုးတဝါး ဖြစ်နေသည်။ သူသည် ပြတင်းပေါက်အနီးထိုင်လျက် အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၏ Grand Traverse ကမ်းရိုးတန်းရေပြင်ကျယ်ကိုကြည့်ရင်း မှတ်စုစာအုပ်ထဲ၌ အောက်ပါအတိုင်းရေးခဲ့သည်။ "အခု ပြတင်းပေါက်ဘောင်ပေါ် ခြေထောက်တင်ပြီး ကျွန်မအကြိုက်ဆုံးထိုင်ခုံလေးမှာ ထိုင်နေတယ်။ နှလုံးသား ကတော့ လေနှင်ရာပေါ့။ ရေလှိုင်းတွေပေါ်မှာ နေခြည်ဖြာဆင်းလို့ ကျွန်မ မသိနိုင်တဲ့ နေရာအထိ ထိုးဖောက်သွားတယ်။ ကောင်းကင်ဘုံရှင်အဘ၊ ရေတွက်လို့မကုန်တဲ့ ဆုကျေးဇူး၊ ထာဝရမေတ္တာအတွက် ကျေးဇူးတင်ပါ၏။ ဒါတွေဟာ ဘယ်လို ဖြစ်နိုင်မှာလဲဆိုပြီး တွေးမိလိုက်တိုင်း အမြဲအံ့အားသင့်ရပါတယ်။ အဲ့ဒါကြောင့် မမြင်တွေ့နိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးကို ကျွန်မအရမ်းချစ်မိသွားတာပါပဲ။"
တမန်တော်ရှင်ပေတရုသည်လည်း ထိုအံ့ဖွယ်အမှုများနှင့်ကြုံခဲ့ဖူးသည်။ သခင်ယေရှုကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့သော်လည်း သူရေးခဲ့သောစာစောင်ကို ဖတ်ရှုမည့်သူများမှာမူ ယေရှုကိုမမြင်ဖူးကြပါ။ "ထိုသခင်ကို သင်တို့သည် မမြင်ဖူး…
သင်မည်သူနည်း
ဗီဒီယိုကွန်ဖရင့်မှ ခေါင်းဆောင်က "မင်္ဂလာပါ" ဟုနှုတ်ဆက်သောအခါ "မင်္ဂလာပါ" ဟုပြန်ဖြေလိုက်သော်လည်း သူ့မျက်နှာကို မကြည့်မိဘဲ၊ ကွန်ပြူတာဖန်သားပြင်မှပြန်မြင်ရသော မိမိပုံကြည့်ရင်း အာရုံလွင့်နေသည်။ ကျွန်တော့်ရုပ်က ဘယ်လိုဖြစ်နေပါလိမ့်။ ကျွန်တော်တို့၏အဖွဲ့တွင် ပါ၀င်သော အခြားသူများ၏ ရွှင်လန်းနေသောမျက်နှာကို ကြည့်ပြီး "ဒါတော့ သူတို့ပုံနဲ့တူသားပဲ။ ဒီတော့ ဒါက ငါပဲဖြစ်မယ်။ ငါကိုယ်အလေးချိန် လျော့သင့်ပြီ။ ဆံပင်လည်း သွားညှပ်ရမယ်"ဟု တွေးမိသည်။
ဖာရောဘုရင်၏အတွေးထဲ၌ သူသည် အင်မတန်မှကြီးကျယ်ခမ်းနားသူပေ့ါ။ သူသည် "လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၍ အိုင်၌ကူးနေသော မိချောင်း ကဲ့သို့"ဖြစ်သည် (ယေဇ ၃၂:၂)။ ထိုနောက် သူ့ကိုယ်သူ ဘုရားသခင်၏အမြင် ရှုထောင့်မှ လျှပ်တပြက်မြင်လိုက်သည်။ ဘုရားသခင်က သင်သည် အမှုရောက်ပြီ။ သင့်ရုပ်ကလာပ်ကို သားရဲအရှေ့မှာပစ်ထားပြီး သင့်အမှုကြောင့် "လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ... ရှင်ဘုရင် ... တို့သည် သင့်အမှုကြောင့် အလွန် ထိတ်လန့်ကြလိမ့်မည်" (:၁၀)ဟု…
ဝိညာဥ်ရေးရာ ရင့်ကျက်မှုသို့ တက်လှမ်းခြင်း
မကြာမီက ပြုလုပ်သော စစ်တမ်းတစ်ခုတွင် မိမိကိုယ်ကို အရွယ်ရောက်ပြီဟုယူဆကြသည့်အသက်ကို ဖော်ပြရန် မေးမြန်းရာ၊ ကိုယ်ကိုကိုယ် အရွယ်ရောက်ပြီဟု ယူဆသူများက သူတို့လူကြီးဖြစ်ပြီဟုပြသော သက်သေအဖြစ် အပြုအမူတစ်ခုခုကို သတ်သတ်မှတ်မှတ် ပြသကြသည်။ ဝင်ငွေရှိပြီး ကိုယ်ပိုင်အိမ် ၀ယ်ယူနိုင်ခြင်းသည် "အရွယ်ရောက်"သည့် လက္ခဏာအဖြစ် အများက လက်ခံထားကြသည်။ လူကြီး အရာရောက်သော အခြားလုပ်ငန်းဆောင်တာများမှာ အပတ်တိုင်း ညနေစာ ချက်ပြုတ်ရခြင်းမှအစ၊ ဆေးခန်းသွားရန် မိမိဘာသာ ရက်ချိန်းယူခြင်း စသည်တို့ အပြင်၊ ညစာအတွက် သရေစာသာ စားရန် ရွေးချယ်ခြင်း (သို့) စနေနေ့ညနေခင်း များတွင် အပြင်သွားခြင်းထက် အိမ်၌နေရခြင်းကို ပို၍စိတ်လှုပ်ရှားခြင်း စသည့် ရယ်စရာအချက်များအထိ ပါဝင်နေပါသည်။
သမ္မာကျမ်းစာမှ ဝိညာဥ်ရေးရင့်ကျက်မှုသို့ တက်လှမ်းရန် ကြိုးစားသင့်ကြောင်း ပြောထားသည်။ ရှင်ပေါလုက ဧဖက်အသင်းတော်မှလူများအား "ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူတို့၏အဖြစ်သို့ ရောက်" သည့်တိုင် ကြိုးစားကြရန် တိုက်တွန်းနှိုးဆော်သည်…
ဘုရားသခင်၏ ကယ်တင်ခြင်း
တာဝန်သိပြည်သူတစ်ဦးမှ ၉၁၁ သို့ ဖုန်းခေါ်ဆိုအကြောင်းကြားသဖြင့် ရဲအရာရှိများသည် ရထားလမ်းတစ်လျှောက် ကားမောင်းရင်း အမှောင်ထဲသို့ မီးမောင်းထိုး ရှာဖွေခဲ့ရာ သံမဏိရထားလမ်းပေါ်ခွပြီးရပ်နေသည့် မော်တော်ယာဥ်တစ်စီးကို တွေ့ရှိခဲ့သည်။ ကားသို့ တည့်တည့်မတ်မတ် အရှိန်ပြင်းစွာ ခုတ်မောင်းလာသော ရထား၏ကြောက်မက်ဖွယ်မြင်ကွင်းကို ရဲကားခေါင်းခန်းမှကင်မရာက အမိအရ ရိုက်ယူထားသည်။ "ရထားက တစ်နာရီ မိုင် ၅၀-၈၀ အရှိန်နဲ့ လာနေတာ" ဟု ရဲအရာရှိက ပြောပါသည်။ တုံ့ဆိုင်းမနေဘဲ ရထားမတိုက်ခင် သတိလစ်နေသူကို ကားထဲမှ စက္ကန့်အနည်းငယ်အတွင်း ဆွဲထုတ်လိုက်နိုင်ခဲ့သည်။
နှုတ်ကပတ်တော်၌ အတိအကျဆိုရလျှင် အရာခပ်သိမ်းဆုံးရှုံးနေချိန်များတွင် ဘုရားသခင်ကို ကယ်ဆယ်သူအဖြစ် ဖော်ပြထားပါသည်။ အီဂျစ်ပြည်တွင် ပိတ်မိပြီး၊ ဖိနှိပ်ချုပ်ခြယ်မှုအောက်တွင် ပျက်စီးတော့မည့် ဣသရေလလူမျိုးတို့အဖို့ လွတ်မြောက်ရာလမ်းကို မမြင်နိုင်ပါ။ သို့သော် ထွက်မြောက်ရာကျမ်းတွင် "ထာ၀ရ ဘုရားကလည်း အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်းကို ငါစေ့စေ့ မြင်ခဲ့ပြီ။ သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။…