အမျိုးအစား  |  odb

ပြည့်စံုစွာဖော်ပြခြင်း

Mary Poppins Returns ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင် အယ်မလီ ဘလန့်၏ သာယာနာပျော်ဖွယ်အသံကို ပရိသတ်ကြီးကြားနာခဲ့ရသည်။ အံ့ဩဖွယ်ရာမှာ ၎င်း တို့၏ အိမ်ထောင်သက် ၄ နှစ် မရှိတရှိတွင် သူ့ခင်ပွန်းက သူမ၏အသံစွမ်းရည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ သူ့ခင်ပွန်းက သူသီချင်းဆိုသံကို ပထမဆံုးကြားလိုက်ရစဉ် အလွန် အံ့ဩခဲ့ရပြီး “ဒီလောက်အသံကောင်းတာကို ငါ့ကိုဘယ်အချိန်ကျမှ ဖွင့်ပြော မှာလဲ” ဟုပင်တွေးမိခဲ့ကြောင်း တွေ့ဆံုမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

ပေါင်းသင်းဆက်ဆံရေးကဏ္ဍတွင်လည်း မထင်မှတ်သောအရာ မသိသေးသော အရာကို သိလိုက်ရချိန်တွင် ကျွန်ုပ်တို့အလွန်အံ့ဩသွားတတ်သည်။ ရှင်မာကုခရစ်ဝင် ကျမ်းတွင် ခရစ်တော်၏တပည့်တော်များသည် အစပိုင်း၌ သခင်ယေရှု၏သဏ္ဌာန်ကို မစံုမလင်သိရှိပြီး ကိုယ်တော်မည်သူမည်ဝါဖြစ်သည်ကို နားမလည်နိုင်၊ နားလည်အောင် ကြိုးစားခဲ့ရသည်။ တစ်ကြိမ်တွင် ဂါလိလဲပင်လယ်၌ သခင်ယေရှုသည် သဘာဝတရား ကို ထိန်းချုပ်နိုင်သော အစွမ်းတန်ခိုးကို ဖော်ပြလျက် သူ့ကိုယ်သူ ထင်ရှားပြခဲ့သည်။

လူ ၅၀၀၀ ကျော်ကို…

ဝေဒနာခံရချိန်၌ ခွန်အားရှိခြင်း

၁၉၄၈ ခုနှစ်တွင် မြေအောက်အသင်းတော်တစ်ခု၏ သင်းအုပ်ဆရာ ဟဲရာလန် ပိုပို့ဗ် အား မေးမြန်းစရာရှိသည်ဟုဆိုကာ သက်ဆိုင်ရာမှ လာရောက်ခေါ်ဆောင်သွားသည်။ နှစ်ပတ်ကြာပြီးနောက် အထပ်ထပ်အဆင့်ဆင့် စစ်ဆေးမေးမြန်းခံရပြီး ၁၀ ရက် အစာဖြတ်ခံရသည်။ သူလျှိုမဟုတ်ပါဟု သူငြင်းလိုက်တိုင်း ရိုက်နှက်ခံရသည်။ ပြင်းထန်စွာ နှိပ်စက်ခံရလည်း ပိုပို့ဗ် သည် အသက်မသေရံုသာမက အကျဉ်းကျခံရ သူချင်းတို့အား သခင်ယေရှုထံ ပို့ဆောင်နိုင်ခဲ့သည်။ နောက်ဆုံး ၁၁ နှစ်အကြာတွင် ထောင်မှလွတ်ပြီး သူ၏ယံုကြည်ခြင်းကို ဆက်လက်မျှဝေသည်။ နောက်ထပ် ၂ နှစ် အကြာတွင် ထိုနိုင်ငံမှထွက်ခွာခွင့်ရပြီး သူ့မိသားစုနှင့် ပြန်လည် ပေါင်းစည်းနိုင်ခဲ့သည်။ ထိုနောက်တွင် ဟောပြောဝေငှခြင်း၊ တံခါးပိတ်နိုင်ငံများတွင် သမ္မာကျမ်းစာဝေငှရန် ရံပံုငွေရှာဖွေစုဆောင်းခြင်းဖြင့် သူ့အသက်တာကို ကုန်လွန်စေခဲ့သည်။

ခေတ်အဆက်ဆက် မရေမတွက်နိုင်လောက်သော သခင်ယေရှုကို ယံုကြည်သူ များ နည်းတူ ပိုပို့ဗ် သည် သူ့ယံုကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ ခရစ်တော်ကိုယ်တိုင်…

ကယ်တင်သောသူ

"အသက်ရှင်သူများတွင် အရဲရင့်ဆံုးသူ"ဟု ဒက်စမွန်အခေါ်ခံရသော်လည်း သူသည် အများထင်သလိုမဟုတ်ပါ။ သူသည် သေနတ်ကိုင်ရန် ငြင်းပယ်သည့် စစ်သည်တစ်ဉီး ဖြစ်သည်။ ဆေးတပ်သားအဖြစ်နှင့် တိုက်ပွဲတစ်ခုတွင် အန္တရာယ်စက်ကွင်းမှ ဒဏ်ရာရ စစ်သည် ၇၅ ဉီးတို့ကို ဘေးလွတ်ရာသို့ သူကယ်ထုတ်ခဲ့သည်။ သူကယ်ခဲ့သည့် သူများတွင် တစ်ချိန်က သူ့ကို သူရဲဘောကြောင်သူဟုခေါ်ခဲ့သူများ၊ သူယံုကြည်ခြင်းကို လှောင်ပြောင် ကဲ့ရဲ့သူများပါဝင်သည်။ ကျည်ဆန်ဗံုးဆန်များကြားပြေးလွှားရင်း “ဘုရားသခင်၊ နောက်ထပ်လူတစ်ဉီး ကယ်နိုင်အောင် မစပါ” ဟု အဆက်မပြတ် ဆုတောင်းခဲ့သည်။ ရဲရင့်သော သူ့လုပ်ရပ်အတွက် သူသည် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံခဲ့ရသည်။

သခင်ယေရှုသည် အလွန်အထင်မှားအထင်လွဲခံခဲ့ရကြောင်း သမ္မာကျမ်းစာ၌ ဖော်ပြ ထားသည်။ ပရောဖက်ဇာခရိကြိုတင်ဟောပြောသောနေ့ (ဇာ ၉:၉)၊ ရောက်လာသည်တွင် မြည်းငယ်ကို စီးလျက် ယေရုရှလင်မြို့သို့ သခင်ယေရှု ဝင်ရောက်လာသည်။ လူအစုအဝေး တို့က သစ်ခက်များ ဝှေ့ယမ်းလျက် “ဟောရှဏ္ဏ” ဟု အော်ဟစ်ကြသည်။…

အနက်ရှိုင်းဆံုး တောင့်တဆန္ဒ

လူငယ်တစ်ဉီးအနေဖြင့် ဒန်ကင်သည် ငွေမရှိသည့်ဘဝမျိုးကို စိုးကြောက်သည်။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူ့အနာဂတ်ကို ရည်မှန်းချက်ပြင်းထန်စွာဖြင့် စတင်တည်ဆောက်သည်။ ဂုဏ်ရှိန်မြင့်သည့် “စီလီကွန်ဗဲလီ” ကုမ္ပဏီတွင် အလုပ်ဝင် ခဲ့ရာ ငွေအမ​ြောက်အများရရှိခဲ့သည်။ သူ့ဘဏ်စာရင်း၌ ငွေက မနည်းမနော၊ ဇိမ်ခံပြိုင်ကားကြီးနှင့် ကယ်လီဖိုးနီးယားတွင် ဒေါ်လာတစ်သန်းတန် အိမ်ကြီးကို ပိုင်ဆိုင် ခဲ့သည်။ သူလိုချင်သမျှကို သူရရှိပြီးလည်း သူမပျော်ပါ။ “စိုးရိမ်သောကနဲ့မကျေနပ် မရောင့်ရဲနိုင်မှုတွေ ခံစားရဆဲပဲ၊ တကယ်တော့ စည်းစိမ်ဉစ္စာဆိုတာ ဘဝကိုပိုလို့တောင် ဆိုးဝါးစေနိုင်တာပဲ”ဟု ဒန်ကင် ဆိုသည်။ ငွေပံုကြီးက မိတ်ဆွေများနှင့် ပေါင်းသင်း ဆက်ဆံရေး၊ လူမှုအသိုင်းအဝန်းနှင့် ဝမ်းမြောက်မှုကို မဆောင်ကြဉ်းပေးနိုင်ယံုမက မကြာခဏဆိုသလို သူ့အတွက် နာကျင်စရာများကိုသာ ဖြစ်စေသည်။

ဘဝလံုခြံုမှုအတွက် လူအချို့တို့မှာ အားသွန်ခွန်စိုက်နှင့် စည်းစိမ်ဉစ္စာများ သိုမှီး စုဆောင်းနိုင်ရန် လုပ်ဆောင်ကြသည်။ ၎င်းသည် မိုက်မဲသောကစားပွဲသာဖြစ်သည်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်” (ဒေ ၅:၁၀) ဟု…

နောက်ဖြစ်လာမည့်အရာ

၁၉၆၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ဒေါက်တာမာတင်လူသာကင်းသည် “တောင်ထိပ်သို့ ရောက်ဖူးခဲ့သည်” ဟူသည့် သူ၏နောက်ဆံုး မိန့်ခွန်းကို မိန့်ကြားခဲ့သည်။ ထိုမိန့်ခွန်း၌ သူကြာကြာနေရတော့မည်မဟုတ်ဟု သူယံုကြည်ထင်မှတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ “ပိုခက်ခဲဆိုးဝါးလာမဲ့နေ့ရက်တွေက ရှေ့မှာကြိုနေတယ်။ ကျွန်တော့်အတွက် ဒါက ပြဿနာမဟုတ်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ တောင်ထိပ်ကို ကျွန်တော်ရောက်ခဲ့ဖူးလို့ပဲ။ တောင်ထိပ်ကနေ မြေတစ်ပြင်လံုးကို ကြည့်ခဲ့တယ်။ ကတိတော်ပြည်ကို တွေ့ခဲ့တယ်။ သင်တို့နဲ့ ကျွန်တော် ထိုပြည်ကို ဝင်ရချင်မှဝင်ရမယ်... ဒါပေမဲ့ ဒီကနေ့ည ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော် ဘာကိုမှမပူဘူး။ ဘယ်သူ့ကို မှလည်း မကြောက်ဘူး၊ ကြွလာမဲ့ သခင်ဘုရားရဲ့ဘုန်းတော်ကို ကျွန်တော့်မျက်စိနဲ့မြင်ရပါပြီ”ဟု ပြောကြားခဲ့သည်။ သို့နှင့် နောက်တစ်နေ့တွင် သူလုပ်ကြံခံခဲ့ရသည်။

တမန်တော်ရှင်ပေါလုသည်လည်း သူမသေဆံုးမီတွင် သူ၏သားတပည့် တိမောသေထံ ဤသို့စာရေးပေးခဲ့သည်။ “... ငါ့ကို ယဇ်ပေါ်မှာလောင်းရသောအချိန် ရှိပြီ။ စုတေ့ရသောအချိန်ရောက်လေပြီ။...…

စေတနာစိတ်နှင့် လှူသောသူ

လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်ဇနီးသည် သူဝယ်ယူသောပစ္စည်းများအတွက် အနည်းငယ်သော လျော့ပေးငွေကို ရရှိခဲ့သည်။ ၎င်းသည် သူမျှော်လင့်ထားသော အရာမဟုတ်ပါ။ သူ့ဆီစာရောက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့မိတ်ဆွေ တစ်ဉီးက အခြားနိုင်ငံတစ်ခုမှ အမျိုးသမီးများ၏ လိုအပ်မှုသတင်းကို မျှဝေလာသည်။ ထိုနိုင်ငံရှိ စွန့်ဉီးတီထွင် စီးပွားရေးအမြင်ရှိသည့် အမျိုးသမီးများသည် ပညာရေးနှင့် စီးပွားရေးနည်းလမ်းအားဖြင့် ၎င်းတို့၏ဘဝကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ရန် ကြိုးစားနေကြပြီး၊ ငွေရေးကြေးရေးက ၎င်းတို့အတွက် ပထမဆံုးသော အတားအဆီးဖြစ်သည်။

ကျွန်တော့်ဇနီးသည် ထိုလျော့ပေးငွေဖြင့် အထက်ပါ အမျိုးသမီးများကို ကူညီမစ သည့် အမှုတော်လုပ်ငန်း၏အသေးစားချေးငွေလုပ်ငန်းအဖြစ် ပါဝင်ရင်းနှီးပေးခဲ့သည်။ သူ၏ချေးငွေကို ပြန်ဆပ်ကြသောအခါ သူကတစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ မြှုပ်နှံခဲ့သည်မှာ ၂၇ ကြိမ်ထိတိုင်ပင်ဖြစ်သည်။ ကျွန်တော့်ဇနီးသည် အခြားအရာများစွာ အတွက် ဝမ်းမြောက်ကြည်နူးပါသည်။ သို့သော် သူတစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသည့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်မှုသတင်းများ ကြားရလေတိုင်း သူမ၏မျက်နှာပေါ် ၌ ပေါ်လာသည့် ကျေနပ်သောအပြံုးကြီးက ရှားပါးသော…

သခင်ယေရှုကဲ့သို့ ဆုတောင်းခြင်း

ဒင်္ဂါးပြားတိုင်း၌ မျက်နှာနှစ်ဖက်ပါရှိပြီး အရှေ့ဘက်ကို “ခေါင်း” ဟုခေါ်သည်။ ရောမ ခေတ်အစောပိုင်းကပင် နိုင်ငံခေါင်းဆောင်၏ဉီးခေါင်းပံုကို ရိုက်နှိပ်လေ့ရှိသည်။ အခြားတစ်ဖက်ကို “အမြီး” (ပန်း) ဟု ခေါ်ပြီး ဗြိတိသျှငွေအကြွေ ဆယ်ပြားစေ့မှ ထောင်နေသည့် ခြင်္သေ့အမြီးမှ အစပြုခေါ်ဆိုခဲ့ပံုရပါသည်။

ဂေသရှေမန်ဉယျာဉ်၌ သခင်ယေရှု ဆုတောင်းခဲ့သည်။ သူ့ဆုတောင်းကလည်း ဒင်္ဂါးပမာနှစ်ဖက်အမြင်ရှိသည်။ သူ့ဘဝ၏အနက်ရှိုင်းဆံုးအချိန် (ကားတိုင်ပေါ်တင် သတ်ခြင်းမခံရမီညက)၊ “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှ လွှဲတော် မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” (လု ၂၂:၄၂) ဟု သခင်ယေရှု ဆုတောင်းခဲ့သည်။ “ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ” ဟူသည့် ခရစ်တော်၏ဆုတောင်းချက်က ပကတိ ရိုးသားသည့်ဆုတောင်းဖြစ်သည်။ “ကျွန်တော့်အနေနဲ့ ဒီလိုဖြစ်ချင်ပါတယ်” ဟု သူ၏ကိုယ်ပိုင်ခံစားချက်ကို ဖော်ပြခဲ့သည်။

ဆက်လက်ပြီးမှ “သို့သော်လည်း ကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်” ဟူသည့် ဆုတောင်းက…

အမွေဟူသည် ဝယ်ယူလုပ်ယူ၍မရ

ကောလိပ်ကျောင်းပိတ်ချိန်၌ ကျွန်မ အိမ်ပြန်ခဲ့ပါသည်။ အချိန်အတန်ကြာမျှ အိမ်နှင့်ဝေးပြီး ကိုယ့်ဒူးကိုယ်ချွန်နေခဲ့ရသဖြင့် စားသောက်ဆိုင်၌ မိဘများက ငွေရှင်းပေးသောအခါ တစ်မျိုးဖြစ်နေသည်။ စားပွဲပေါ်သို့ လက်သုတ်ပုဝါကို ချလိုက်ပြီး “ညစာအတွက် ကျေးဇူးပါ ဖေဖေ” ဟု ပြောလိုက်သည်။ “ကိစ္စမရှိပါဘူးကွယ်၊ အရာရာတိုင်းအတွက် သမီးဖေဖေ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ သမီးကိုယ့်ဘာသာကိုယ် ရပ်တည်နေတာကိုလည်း နားလည်တယ်။ ဒါပေမဲ့ မင်းက ဖေဖေ့သမီးဖြစ်နေတံုးပဲ၊ မိသားစုမှာ ပါဝင်နေတံုးပဲ” ဟု ဆိုပါသည်။ ကျွန်မပြံုးရင်း “ကျေးဇူးပါဖေဖေ” ဟု ထပ်ပြောဖြစ်သည်။

ကျွန်မ၏မိသားစု၌ မိဘ၏မေတ္တာကိုရခြင်း၊ ကျွန်မအတွက် လိုအပ်သည်များကို ပြုပေးခြင်းအတွက် ကျွန်မဘာမှပေးစရာမလိုပါ။ အဖေ့မှတ်ချက်က ဘုရားသခင်၏
မိသားစုဝင်ဖြစ်အောင် ထိုက်တန်အောင် ကျွန်မဘာမှမလုပ်ရကြောင်းကို သတိပေးလာသည်။

ဧဖက်ဩဝါဒစာ၌ ရှင်ပေါလုက “ငါတို့သည် ဘုရားသခင်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း” (၅:၂၅-၂၇)၊ ငါတို့ကို…

ကောင်းချီးခံရသောမုန့်

ကျွန်ုပ်တို့၏အကြီးဆံုးသမီးကြီး ဆယ်ကျော်သက်အရွယ်ရောက်သော် ကျွန်တော်တို့ ဇနီးမောင်နှံက သူမွေးကတည်းက ရေးမှတ်ခဲ့သည့် မှတ်တမ်းစာအုပ်လေးကို သူ့အား ပေးခဲ့ သည်။ သူကြိုက်သည့်အရာ၊ မကြိုက်သည့်အရာ၊ တစ်မူထူးသည့်အရာ၊ အမှတ်တရ ဖြစ်သည့်အရာ စသည်တို့ကို စာတိုလေးဖြင့် မှတ်သားခဲ့သည်။ အချို့နေရာများတွင် သူ့ အပေါ် ကျွန်ုပ်တို့၏အမြင်ခံစားချက်၊ သူ့အသက်တာအတွင်း မြင်ရသည့် ဘုရားသခင်၏လုပ်ဆောင်မှုစသည်တို့ကို စာတစ်စောင်သဖွယ် ရေးသားထားသည်။ သူ၏ ၁၃ နှစ်မြောက် မွေးနေ့တွင် ပေးသော ထိုမှတ်တမ်းစာအုပ်လေးက သူ့ကို အလွန်ဖမ်းစားခဲ့သည်။ ၎င်းသည် အရေးကြီးသော သူမ၏မူလဖြစ်တည်မှု အစိတ်အပိုင်းပင် မဟုတ်ပါလား။

သာမန်မုန့်ကို ကောင်းချီးပေးသည်တွင် သခင်ယေရှုသည် သူ၏ဖြစ်တည်မှုကို ဖော်ပြခဲ့သည်။ ထိုဖြစ်တည်မှုက အခြားသောဖန်ဆင်းခြင်းအရာများနှင့်အတူ ဘုရား ဘုန်းတော်ကို ထင်ဟပ်ဖော်ကျူးခဲ့သည်။ အနာဂတ်ကမ္ဘာနှင့် စပ်လျဉ်း၍ သခင်ယေရှုပြညွှန်ခြင်းလည်းဖြစ်မည်ဟု ကျွန်ုပ်ယုံသည်။ ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် တစ်နေ့တွင် ဘုရားဘုန်းတော်နှင့်ပြည့်ဝလိမ့်မည်။ ထို့ကြောင့် မုန့်ကို ကောင်းချီးပေး…

သစ်သီးရည်

ချွေတာရေးစတိုးဆိုင်မှ လျော့စျေးဖြင့် ကျွန်မမီးအိမ်လေးတစ်လံုးဝယ်ယူခဲ့သည်။ အိမ်ရှိကျွန်မရုံးခန်းအတွက် ၎င်းသည် သင့်တော်သည့် အရွယ်အစားနှင့်စျေးနှုန်းဖြစ်ပြီး၊ အရောင်ကလည်းလိုက်ဖက်မည့်ပံုပေါ်ပါသည်။ သို့သော် အိမ်ရောက်၍ ပလပ်ထိုးပြီးကြည့်ရာ မီးမလင်းပါ။

ကိစ္စမရှိပါ။ ကျွန်မခင်ပွန်းက “လွယ်ပါတယ်။ ငါပြင်ပေးမယ်” ဟု ပြောပြီး ဖြုတ်ကြည့်ရာ၊ မီးကြိုးဆက်ထားခြင်းမရှိသည်ကို ချက်ခြင်းတွေ့လိုက်သည်။ ဝါယာကြိုးဆက်သွယ်ထားခြင်းမရှိခြင်းကြောင့် လှပသော မီးအိမ်လေးဖြစ်သော်လည်း အသံုးမဝင်ပါ။

ကျွန်မတို့အသက်တာလည်း ထိုနည်းသဘောအတိုင်းဖြစ်ပါသည်။ သခင် ယေရှုက တပည့်တော်များအား “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏” ဟု မိန့်ကြားသည်။ သို့သော် နောက်ထပ်သတိပေးချက်မှာ “သင်တို့သည် ငါနှင့်ကွာလျှင် အဘယ်အမှုကိုမျှ မတတ်နိုင်” (ယော ၁၅:၅) ဟူ၍ ဖြစ်သည်။

ထိုသွန်သင်ချက်ကို စပျစ်ပင်စိုက်ပျိုးသောအရပ်ဒေသ၌ သွန်သင်နေခြင်း ဖြစ်၍ တပည့်တော်များအနေဖြင့် ချက်ခြင်းနားလည်ကြသည်။…