အမျိုးအစား  |  odb

ရန်တုံ့ပြန်မည့်အစား

ဂျင်းမ် အဲလက်နှင့် အခြားသော သာသနာပြုလေးဉီးတို့သည် ၁၉၅၆ ခုနှစ်က ဟူအာရာနီ လူမျိုးစု၏ သတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက် ဖြစ်ပျက်လာသည့် အမှုအရာကို မည်သူကမျှ မမျှော်လင့်ခဲ့ပါ။ ဂျင်းမ်၏ဇနီး အဲလစ်ဇဘက်နှင့် သူ၏သမီးငယ်၊ အခြား သာသနာပြုတစ်ဉီး၏ညီမတို့သည် သူတို့ချစ်ရသူများကို သတ်ဖြတ်ခဲ့သည့် လူမျိုးစုကြား၌ နေထိုင်ခဲ့ကြသည်။ ဟူအာရာနီလူမျိုးစု အသိုင်းအဝန်း၌ နှစ်အတန်ကြာနေထိုင်လျက် သူတို့၏ဘာသာစကားကို သင်ယူပြီး ၎င်းတို့အတွက် သမ္မာကျမ်းစာကို ဘာသာပြန်ပေး ခဲ့သည်။ ဤအမျိုးသမီးများ၏ ခွင့်လွှတ်ခြင်းနှင့် ကြင်နာမှုက ဟူအာရာနီ လူမျိုးစုအတွက် ဘုရားသခင်၏မေတ္တာတော်ကို အထင်အရှား သက်သေထူခဲ့ပြီး ဟူအာရာနီ လူမျိုးစုများစွာတို့ သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့ကြသည်။

အဲလစ်ဇဘက်နှင့် သူ့မိတ်ဆွေအမျိုးသမီးတို့၏လုပ်ရပ်သည် အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်သော အံ့ဖွယ်စံနမူနာပင်ဖြစ်သည် (ရော ၁၂:၁၇)။ ရောမ အသင်းတော်အား ၎င်းတို့အသက်တာ၌ ဘုရားသခင် ပြောင်းလဲ ပြုပြင်ခဲ့သည့်အရာများကို လုပ်ရပ်ဖြင့်သက်သေပြရန်…

လေဆင်နှာမောင်း နောက်လိုက်သူများ

ဝါရင် ဖေ့ဒလီ ဆိုသူသည် ဓာတ်ပုံသတင်းသမားနှင့် လေဆင်နှာမောင်းမုန်တိုင်းကျသည့်နေရာကိုလိုက်ပြီး မှတ်တမ်းသတင်းယူသူဖြစ်သည်။ သူက “လေဆင်နှာမောင်းနောက် လိုက်တယ်ဆိုတာ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့နယ်ပယ်မှာ သရီးဒီစစ်တုရင်ပွဲကြီး ကစားရ သလိုပါပဲ။... အချိန်မှန်နဲ့ နေရာမှန် ကွက်တိဖြစ်လို့ကတော့ ခန့်မှန်းချက်နဲ့ မုန်တိုင်း လမ်းကြောင်း ကိုက်ညီဆီလျော်ခြင်းဖြစ်ပြီး ဘောလုံးအရွယ် မိုးသီးကစ သဲမုန်တိုင်းကို ရှောင်တိမ်းရင်း လေဆင်နှာ​မောင်း ဆိုတာ ဖြည်းဖြည်းချင်းလှည့်ပတ်နေတဲ့ဒလက်လိုပဲ” ဟု ဆိုသည်။

ဖေ့ဒလီ၏စကားများက ကျွန်ုပ်လက်ဖဝါးများ ချွေးစို့ပြီး နှလုံးခုန်မြန်လာစေသည်။ ၎င်း၏ရဲရင့်မှုနှင့် သိပ္ပံနည်းကျ မုန်တိုင်းနောက်လိုက်သူများ၏ဇောစိတ်ကို ကျွန်ုပ်နှစ်သက်သည့်တစ်ချိန်တည်းမှာပင် ပြင်းထန်သောရာသီဉတုထဲသို့ ပစ်ဝင်ချင်သည့် စိတ်ကို မနည်းတားဆီးရသည်။

သို့သော် ကျွန်ုပ်၏အတွေ့အကြုံအရ ဘဝမုန်တိုင်းများကို လိုက်စရာမလိုဘဲ မုန်တိုင်းက ကျွန်ုပ်ကိုလိုက်နေသည့်ဟု ထင်မိပါသည်။ ထိုအတွေ့အကြုံမှာ ဆာလံ ၁၀၇ မှ မုန်တိုင်းထဲပိတ်မိနေသည့် သင်္ဘောသားများအကြောင်းကို ထင်ဟပ်သည်။ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ရလဒ်အဖြစ် ဒုက္ခကြုံရစဉ်…

သင်၌ရှိသည့်အရာ ယူလာပါ

“ကျောက်တုံးစွပ်ပြုတ်ဟင်းရည်” ရှေးပုံပြင်မှာ ရွာတစ်ရွာသို့ရောက်လာသည့် ဆာလောင် နေသူတစ်ဉီးအကြောင်းဖြစ်ပြီး၊ သူ့ကို အစားအစာပေးမည့်သူ တစ်ဉီးတစ်ယောက်မျှ မရှိပါ။ သို့နှင့် သူက မီးမွှေးရေနွေးတည်ပြီး အိုးထဲ ကျောက်တုံးတစ်တုံး ထည့်ပြုတ်သည်။ ဟင်းရည်မွှေနေသည့်သူ့ကို ရွာသားများက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ထို့နောက် လူတစ်ဉီးက အာလူး ၂ လုံး လာထည့်ပေးသည်။ နောက်တစ်ဉီးက မုန်လာဉနီအနည်းငယ် ထည့်ပေးသည်။ တစ်ဖန် တစ်ယောက်က ကြက်သွန်၊ တစ်ယောက်က ဘာလီဂျုံဆန်လက်တစ်ဆုပ် ထည့်ပေးသည်။ လယ်သမားကြီး တစ်ဉီးကနို့အနည်းငယ်ပေးသည်။ နောက်ဆုံးတွင် ကျောက်တုံးဟင်းရည်မှာ အရသာရှိသည့် ဟင်းချိုတစ်ပွဲ ဖြစ်သွားသည်။

ထိုပုံပြင်လေးမှာ မျှ‌ဝေခြင်း၏တန်ဖိုးကို ဖော်ကျူးသည်။ ထို့ပြင် မည်မျှပင် အရေးမပါ အရာမဝင်ဖြစ်လည်း မိမိ၌ရှိသည့်အရာကို ယူဆောင်လာရန် သတိပေးသည်။ ယော ၆:၁-၁၄ တွင် ကြီးမားသော လူအုပ်ကြီးထဲမှ အစားအစာယူလာရန် အတွေးရှိခဲ့သည့် တစ်ဉီးတည်းသောသူဖြစ်ဟန်တူသည့် သူငယ်လေးတစ်ယောက်အကြောင်းကို…

ဝိညာဉ်တော်နှင့်လျှောက်လှမ်းခြင်း

မည်သည့်လက်မှုအနုပညာမဆို ကျွမ်းကျင်လာအောင်လေ့ကျင့်ရန် လိုအပ်သည့်အချိန်မှာ နာရီပေါင်းတစ်ထောင်ဟု မယ်လ်ကွန် ဂလက်ဝဲလ် က အကြံပြုသည်။ ကြီးမြတ် ကျော်ဇောသည့် ပန်းချီဂီတပညာရှင်များပင်လျှင် သူတို့၏မွေးရာပါ ပါရမီစွမ်းရည် သက်သက်နှင့် ကျွမ်းကျင်ပညာရှင်အဆင့်သို့ ရောက်ရှိရန် မလုံလောက်သေးပါ။ နေ့ရက် စဥ်တိုင်းတွင် ထိုအနုပညာ၌ ဘဝကို နှစ်မြှုတ်ထားရသည်။

ထူးဆန်းကောင်းထူးဆန်းနေမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုး၌ အသက်ရှင်ရန် သင်ယူရခြင်း သည်လည်း အလားတူ အမြင်သဘောထားရှိရန် လိုအပ်သည်။ ဂလာတိသြဝါဒစာ၌ ဘုရားသခင်အတွက် သီးသန့်အချိန် ဖယ်ထားရန် ရှင်ပေါလုက အသင်းတော်သို့ တိုက်တွန်း အားပေးသည်။ သြဝါဒတရားတော်များကို နာခံရုံမျှဖြင့် မပြီးကြောင်း၊ ယင်းအစား သန့်ရှင်းသော ဝိညာဉ်ပကတိအတိုင်း ကျင့်ရန်ဖြစ်ကြောင်း ရှင်ပေါလုက ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် ဝိညာဥ်​တော်၌ လျှောက်လှမ်းရန် ကိုယ်တော်​တောင်းဆိုသည်။ ဂလာ ၅:၁၆ တွင် ဝိညာဥ်ပကတိအတိုင်းကျင့်ခြင်း၊ “လိုက်လျှောက်ခြင်း”ဟူသည့် စကားလုံးအတွက် ပေါလုအသုံးပြုထားသော ဂရိဝေါဟာရ၏…

အချိန်ကိုနှေးလိုက်ခြင်း

၁၈၄၀ ပြည့်နှစ်များအတွင်း လျှပ်စစ်နာရီကို တီထွင်သည့်အချိန်မှစ၍ အရာများစွာ ပြောင်းလဲခဲ့သည်။ ယနေ့ခေတ်တွင် အချိန်ကို စမတ်နာရီ၊ စမတ်ဖုန်း၊ လက်ဆွဲကွန်ပြူတာ စသည်တို့အားဖြင့် သိနိုင်သည်။ “ပျင်းရိပျင်းတွဲ” လှုပ်ရှားမှုများသည်ပင် အရှိန်မြင့်လာပြီး ဘဝ၏အမြန်နှုန်းသည် လျှင်မြန်လာသယောင် ထင်ရသည်။ မြို့ပြများတွင် ထိုအတိုင်း အမှန်ပင်ဖြစ်ပျက်နေပြီး ကျန်းမာရေးအတွက် ဆိုးကျိုး သက်ရောက်နိုင်သည်ဟု ပညာရှင်များက ပြောကြသည်။ “ကျွန်ုပ်တို့သည် အမြန်လိုလျက် တတ်နိုင်သမျှ ဖုန်းဖြင့်သာ လူအများနှင့် ပြောဆိုဆက်ဆံကြသည်။ ကိစ္စအားလုံးက အခုချက်ခြင်းပဲ ထဖြစ်ရ​တော့မလိုလို အတွေးဝင်မိတယ်”ဟု ပရောဖက်ဆာ ရစ်ချက်ဝှိုက်စ်မင်းက လေ့လာသုံးသပ်သည်။

သမ္မာကျမ်း၏ ရှေးအကျဆုံးကျမ်းတစ်ကျမ်း ဖြစ်သည့် ဆာလံကျမ်းတွင် မောရှေရေးသားခဲ့သည့် ဆာလံ ၉၀ ၌ အချိန်နှင့်ပတ်သက်ပြီး ထင်ဟပ်သုံးသပ်ထားသည်။ ဘုရားသခင်သည် ဘဝ၏အမြန်နှုန်းကို ပဲ့ကိုင်ထိန်းကျောင်း ကြောင်း သတိပေးလျက် “ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့ လည်းကောင်း၊…

လူတိုင်း သနားခြင်းကရုဏာကို လိုအပ်သည်

ဂျက်ဖ်သည် ရှင်ယေရှုအား ယုံကြည်သူအသစ်ဖြစ်စ၊ ကောလိပ်ကျောင်းပြီးစအချိန်က ရေနံကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ အရောင်းသမားတစ်ဦးအနေနှင့် ခရီးထွက်ရပြီး သူ့ခရီးတွင် ဝမ်းနည်းဖွယ်ကောင်းသည့် လူများစွာတို့၏ဘဝအကြောင်းကို ကြားသိခဲ့ရသည်။ သူ့ဖောက်သည်များအလိုအပ်ဆုံးမှာ လောင်စာဆီမဟုတ်ဘဲ သနား ကရုဏာသာဖြစ်ကြောင်း သူသိရှိခဲ့ရသည်။ သူတို့ ဘုရားကို လိုအပ်သည်။ ဤအမှုကြောင့် ဂျက်ဖ်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပိုမိုသိရှိရန် ကျမ်းစာကျောင်းတက်ပြီး နောက်ဆုံး သင်းအုပ်ဆရာတစ်ပါးဖြစ်လာခဲ့ရသည်။

ဂျက်ဖ်၏ကရုဏာစိတ်က ရှင်ယေရှုထံမှ မြစ်ဖျား ခံသည်။ မျက်မမြင်နှစ်ဦးနှင့် နတ်ဆိုးစွဲသူတစ်ဦးတို့ကို အံ့သြဖွယ် ကုသပျောက်ကင်းစေသည့် သခင်ခရစ်တော်၏ သနားကရုဏာကို မ ၉:၂၇-၃၃ ၌ လျှပ်တစ်ပြက် မြင်ရသည်။ လောက၌ အမှုဆောင်စဉ်တစ်လျှောက်လုံး ခရစ်တော်သည် “မြို့ရွာရှိသမျှတို့တွင်” (:၃၅) ဧဝံဂေလိတရားဟောကြားပြီး အနာရောဂါမျိုးမျိုးကို ငြိမ်းစေခဲ့သည်။ အဘယ်ကြောင့်နည်း။ “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော် မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ…

ချီးမွမ်းခြင်းနှင့်ပြည့်သော ဘဝနေထိုင်မှုပုံစံ

ဝေါလစ် စတက်နာ၏မိခင်သည် အသက် ၅၀ တွင် ကွယ်လွန်ခဲ့သည်။ ဝေါလစ်သည် သူ့အသက် ၈၀ တွင် "Letter, Much Too Late" ဆိုသည့် အလွန်နောက်ကျမှ ရေးဖြစ်သည့် စာတိုလေးကို သူ့မိခင်ထံ ရည်စူးရေးခဲ့သည်။ ထိုစာ၌ အမေရိကန်အနောက်ပိုင်း​ဒေသ တည်ထောင်စကာလ ခက်ခဲကြမ်းတမ်းမှုများကြားတွင် ကြီးပြင်းအရွယ်ရောက်ကာ အိမ်ထောင်ကျပြီး သားနှစ်ဦးကို ပြုစုပျိုးထောင်ပေးသည့် သီလနှင့်ပြည့်စုံသော အမျိုးသမီးကို ချီးမွမ်းထားသည်။ သူသည် နှစ်လိုဖွယ်မရှိသူများကိုပင် ခွန်အားပေးသည့် ဇနီးတစ်ဦး၊ မိခင်တစ်ဦးဖြစ်သည်။ မိခင်ကြီးသည် သူ၏ ခွန်အားကို အသံအားဖြင့်ဖော်ပြခြင်းကို ဝေါလစ် အမှတ်ရ သည်။ “သီချင်းဆိုဖို့ အခွင့်အရေးကို အမေဘယ်တော့မှ အဆုံးရှုံးမခံဘူး” ဟု စတက်နာ ရေးသားခဲ့သည်။ စတက်နာ၏ မိခင်သည် သူအသက်ရှင်နေသရွေ့ ကောင်းချီးကြီးငယ်မဟူအတွက် ကျေးဇူးတင်ပြီး သီချင်းဆိုချီးမွမ်းခဲ့သည်။
ဆာလံဆရာသည်လည်း သီချင်းဆိုချီးမွမ်းရန် အခွင့်အရေးကို အရယူခဲ့သည်။…

တစ်ပါးတည်းသောရှင်ဘုရင်

သင်းအုပ်ဆရာက ရှင်ယေရှုသည် ကောင်းကင်ဘုံကိုချန်ရစ်ပြီး လောကသို့ကြွဆင်း လာကြောင်း ဟောပြောခြင်းကို ၅ နှစ်အရွယ် အယ်ဒန်လေး နားထောင်ရင်း ရှင်ယေရှုက ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံသည့်အကြောင်း ရောက်လာသော် သူ့ခမျာ ပင့်သက်ရှိုက်ကာ “အို၊ မဖြစ်သင့်ဘူး။ သူသေသွားတယ်လား” ဟု အံ့သြစွာ ရေရွတ် လိုက်သည်။

လောက၌ ခရစ်တော်၏ဘဝအစပျိုးချိန်မှစပြီး ကိုယ်တော့်အား သေစေလိုသည့်သူအများရှိပါသည်။ ဟေရုဒ် မင်းကြီးနန်းစံစဉ် ပညာရှိသုံးပါး ယေရုရှလင်သို့ ရောက်လာကာ “ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏” (မ ၂:၂)။ မင်းကြီးသည် ထိုသတင်းကိုကြားသော် တစ်နေ့နေ့တွင် သခင်ယေရှုက သူ့နေရာ လုယူသွားမည်ဟု ကြောက်ရွံ့မိသည်။ သို့နှင့် ဗက်လင်မြို့ အနီးဝန်းကျင်ရှိ ၂ နှစ်နှင့် ၂ နှစ်အောက် သားယောက်ျားလေးများအားလုံးကို သတ်ပစ်ရန်…

“ဒီမှာ နဂါးများ ရှိသလား”

ဒဏ္ဍာရီစကားများအရ အလယ်စုခေတ်မြေပုံ၏အစွန်းတွင် ကမ္ဘာ့မြေပုံဖန်တီးရှင်များသည် “နဂါးများ ဤနေရာတွင်ရှိသည်” ဆိုသောစာကို ရေးထွင်းထားကြောင်း၊ တစ်ခါတစ်ရံ ကြောက်စရာကောင်းသော နဂါးပုံများကိုပါတွဲ၍ ရှင်းလင်းမြင်သာစွာ ရေးဆွဲထားသည်။

အလယ်စုခေတ်က မြေပုံရေးဆွဲသူများက ထိုစာကို ရေးသားခဲ့ကြောင်း သက်သေ အထောက်အထားများ မရှိသော်လည်း ၎င်းသည် မှန်နိုင်ကောင်း သည်ဟု ကျွန်မယူဆလိုသည်။ အကြောင်းမှာ ကျွန်မသာဆိုလျှင် “နဂါးများရှိသည်” ဆိုသောစာကို ရေးခဲ့မည်ပင်။ ဘာရှိမှန်းမသိ သော နေရာသို့ ကျော်လွန်၀င်ရောက်မိလျှင် ဘာဖြစ်မည်ကို မသိသောကြောင့် ထိတ်လန့်ဖွယ် သတိပေးစကားကို ပေးချင်ရုံပါ။

သို့သော် ကျွန်မ၏ မိမိကိုယ်ကိုကာကွယ်ခြင်းနှင့် စွန့်စားမှုကို သွေဖည်ခြင်း ပေါ်လစီထက် ပိုပြီး အရေးကြီးသော ပြဿနာတစ်ခုရှိသည်။ သခင်ယေရှုကို ယုံကြည်သူအဖြစ် သတ်မှတ်ခံရသူအနေဖြင့် ရဲရင့်ခြင်းရှိရန်ဖြစ်သော်လည်း ၎င်းနှင့်ဆန့်ကျင်ဘက် ကျွန်မကြောက်နေသည့် ပြဿနာ ဖြစ်သည် (၂တိ ၁:၇)။

အမှန်တကယ် အန္တရာယ်ရှိသောအရာနှင့် စပ်လျဥ်း၍ တစ်လွဲယုံကြည်နေခြင်းဟု…

စောင်းနေသော မိုးမျှော်တိုက်

အီတလီနိုင်ငံရှိ တိမ်းစောင်းနေသော နာမည်ကြီး Pisa မျှော်စင်အကြောင်းကို သင်ကြားဖူးကောင်းကြားဖူးမည်။ ဆန်ဖရန်စစ္စကိုမြို့မှ တိမ်းစောင်းနေသောမျှော်စင်ကိုရော ကြားဖူးပါသလား။ Millennium Tower ဟု အမည်ရပါသည်။ ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၅၈ထပ်ရှိသော မိုးမျှော်တိုက်ကြီးသည် ဆန်ဖရန်စစ္စကို မြို့လည်ခေါင်၌ ဝင့်ကြွားစွာရှိနေသော်လည်း အနည်းငယ်တိမ်းစောင်းနေသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းရင်း မှာ အင်ဂျင်နီယာများက အုတ်မြစ်ကို လုံလောက်သော အနက်ထိ မတူးထားခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ငလျင်လှုပ်ခဲ့လျှင် မပြိုလဲသွားအောင် အုတ်မြစ်အတွက် လိုအပ်သော ပြုပြင်မှုများကို မဖြစ်မနေလုပ်ရန်လိုသည်ဟု အချို့က ယူဆလျက် ဖိအား​ပေးသည်။ ထိုလုပ်ငန်းအတွက် ကုန်ကျစရိတ်မှာ စတင်တည်ဆောက်စဉ်က အဆောက်အအုံ တစ်ခုလုံး၏ ကုန်ကျစရိတ်ထက်ပင် ပိုများနေသည်။

အလွန်ခံရခက်သောသင်ခန်းစာ မဟုတ်ပါလား။ အုတ်မြစ်သည် အရေးကြီးပါသည်။ အခြေခံအုတ်မြစ် မခိုင်ခံ့ သောအခါ ကံဆိုးမိုးမှောင်ကျလေပြီ။ သခင်ယေရှုသည် တောင်ပေါ်ဒေသနာ အဆုံးနားတွင် ထိုနည်းတူသော…